၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃၁

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီတွင် ရန်ကုန်မြို့ အင်းလျားကန်ရှိမြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုးက ၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲတွင် အမျိုးသား(၁၃) သင်း၊ အမျိုးသမီး (၉) သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အင်အား (၃၅၅)ဦး ပါဝင်ယှဉ်ပြိုင်လာကြောင်း၊ လှေလှော် အားကစား နည်းမှာ ခွန်အားကို အသုံးပြုပြီး ယှဉ်ပြိုင်ကစားရသည့် အားကစားနည်းဖြစ်သည့်အတွက် ကိုယ်ခန္ဓာသန်မာထွားကြိုင်းပြီး ကျန်းမာကြံ့ခိုင်၍ သက်လုံကောင်းမှသာ ထူးချွန်သည့်  အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊  လှေလှော် အားကစားသမားအားလုံး အရပ်အမောင်း၊ ခွန်အား၊ သက်လုံဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ်ဖြစ်၍ ထူးချွန်သည့် အားကစား သမားများ ဖြစ်လာအောင် မိမိတို့၏ ကျွမ်းကျင်မှု အရည်အသွေးများနှင့် ပေါင်းစပ်ကြိုးပမ်း ယှဉ်ပြိုင် သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားမောင်/မယ်များအနေဖြင့် လှေလှော် အားကစားနည်းနှင့် နိုင်ငံ့ဂုဏ်ကို မြင့်တင်နိုင်ရမည်ဆိုသည့် ရည်မှန်းချက်ထားပြီး နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများဖြစ်လာအောင် မိမိကိုယ်ကို ဂရုတစိုက်ပြုပြင် ပျိုးထောင် ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
    
ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လှေလှော် အားကစားနည်းအနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများအလယ်တွင် အခြား ပြိုင်ပွဲဝင် နိုင်ငံများမှ အားကျဂုဏ်ယူလောက်သည်အထိ အောင်မြင်မှုရရှိခဲ့သော်လည်း ဆက်လက် ထိန်းသိမ်းရန် အထူးလိုအပ်ပါကြောင်း၊ အရှေ့တောင်အာရှအဆင့်မှ ကမ္ဘာ့အဆင့် အထိ တက်လှမ်းနိုင်ပြီး အောင်မြင်မှုများရရှိရန် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူ များ၊ ဝါသနာရှင်များနှင့် လှေလှော်အားကစားသမား အားလုံး အစွမ်းကုန်ကြိုးစားပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
    
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆို ပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ပြိုင်ဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် သည်။

ယင်းနောက်  ပထမနေ့ ပွဲစဉ်များကို ဆက်လက်ကျင်းပရာ ပထမဦးစွာ အမျိုးသား (၇)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H1)တွင် ပထမ ကချင်ပြည်နယ်အသင်း ၊ ဒုတိယ မွန်ပြည်နယ်အသင်း၊ တတိယ ရခိုင်ပြည်နယ်အသင်း၊ စတုတ္ထ မကွေးတိုင်းဒေသကြီးအသင်း အမျိုးသမီး (၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H1)တွင် ပထမ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယ ရှမ်းပြည်နယ်အသင်း၊ စတုတ္ထ တနင်္သာရီတိုင်းဒေသကြီး အသင်း၊ အမျိုးသား(၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H1)တွင် ပထမ၊ ဒုတိယ စစ်ကိုင်းတိုင်းဒေသကြီး အသင်း၊ တတိယ မွန်ပြည်နယ်အသင်း၊ စတုတ္ထ မကွေးတိုင်းဒေသကြီးအသင်း၊ အမျိုးသမီး (၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H1)တွင် ပထမ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယ ဧရာဝတီတိုင်း ဒေသကြီးအသင်း၊ တတိယ မန္တလေးတိုင်းဒေသကြီးအသင်း၊  Mixed (၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H1)တွင် ပထမရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယ ရှမ်းပြည်နယ်အသင်း၊ တတိယ မန္တလေးတိုင်း ဒေသကြီးအသင်း၊ စတုတ္ထ ပဲခူးတိုင်းဒေသကြီးအသင်းတို့ ရရှိကြသည်။
    
ဆက်လက်၍ ပထမနေ့ပွဲစဉ်များအဖြစ် အမျိုးသား(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H2)၊ အမျိုးသမီး(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H2)၊ အမျိုးသား(၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H2)၊ အမျိုးသမီး (၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H2)၊ Mixed (၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H2)၊ အမျိုးသား(၇)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H3)၊ အမျိုးသမီး(၇)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (R1)၊ အမျိုးသား(၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H3)၊ အမျိုးသမီး(၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (R) ၊  Mixed (၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (R1)၊ အမျိုးသား(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (R1)၊ အမျိုးသမီး(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (R2)၊ အမျိုးသား(၁၀) တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (R1)၊ အမျိုးသမီး(၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (F)၊ Mixed (၁၀)တက် လှေ မီတာ (၅၀၀) ပြိုင်ပွဲ (R2)၊ အမျိုးသား(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (R2)၊ အမျိုး သမီး(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (F)၊ အမျိုးသား(၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (R2)၊  Mixed (၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (F)၊ အမျိုးသား(၇)တက်လှေ မီတာ(၅၀၀) ပြိုင်ပွဲ (SF1)၊ အမျိုးသား(၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (SF1)၊ အမျိုးသား(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (SF2)၊ အမျိုးသား(၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (SF2)၊ အမျိုးသား (၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (F)၊ အမျိုးသား(၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (F) ပြိုင်ပွဲ တို့ကို ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်များကို  ဖေဖော်ဝါရီ ၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)