၂၀၂၃-၂၀၂၄ ပညာသင်နှစ် ချောင်းဆုံမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ချောင်းဆုံ ဇွန် ၁

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်းများကို ဇွန် ၁ ရက်က စတင်ဖွင့်လှစ်သည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၁၁ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းနှင့် ကိုယ်ပိုင်မူလတန်းကျောင်း တစ်ကျောင်းတို့တွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၆၂၀၆ ဦး၊ အလယ်တန်းအဆင့် ၄၅၀၁ ဦး၊ အထက်တန်းအဆင့် ၂၀၂၂ ဦး စုစုပေါင်း ၂၂၇၂၉ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)