၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမ)ဆယ်ရက်ပတ်အတွက်  စိုက်ပျိုးရေးမိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ။     ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါသည်။ 

မိုးရွာသွန်းမှုအခြေအနေမှာ။    ။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

 အမြင့်ဆုံးအပူချိန်အခြေအနေ။         ။ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၇၁)ဒီဂရီဖာရင်ဟိုက်မှ (၇၉)ဒီဂရီဖာရင်ဟိုက် အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊  ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၈၀)ဒီဂရီဖာရင်ဟိုက်မှ (၈၉)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၉၀)ဒီဂရီဖာရင်ဟိုက်မှ  (၉၇)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။ 

အနိမ့်ဆုံးအပူချိန်အခြေအနေ။       ။ ချင်းပြည်နယ်တွင် (၃၅)ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၄၂)ဒီဂရီဖာရင်ဟိုက်မှ (၅၁)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၅၂)ဒီဂရီဖာရင်ဟိုက်မှ (၆၁)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆၂)ဒီဂရီဖာရင်ဟိုက်မှ (၇၀)ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။ 

လေထုစိုထိုင်းဆအခြေအနေ။     ။ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၅၂%)မှ (၆၂%)အတွင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် (၆၃%)မှ (၇၃%)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၇၄%)မှ (၈၄%)အတွင်း အသီးသီး ရှိနိုင်ပါသည်။ 

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ။     ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၂၉ မီလီမီတာ)မှ (၃၈ မီလီမီတာ)အတွင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် (၃၉ မီလီမီတာ)မှ (၄၈ မီလီမီတာ)အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄၉ မီလီမီတာ)မှ (၅၈ မီလီမီတာ)အတွင်း အသီးသီး ရှိနိုင်ပါသည်။   

မြေဆီလွှာအောင်းရေအခြေအနေ။       ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ခြောက်သွေ့)အခြေအနေ အသီးသီး ရှိနိုင်ပါသည်။ 

မိုးဇလ