၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန် မေ ၂၉

 

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒိုင်လူကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌမှ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပါဝင်ကူညီခဲ့ကြသူများကို လည်းကောင်း မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းများမှ မန်နေဂျာများကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော အိဖြူ (မန္တလေးတိုင်းဒေသကြီး) ဒုတိယဆုရရှိသော အေးအေးနွယ် (ပဲခူးတိုင်းဒေသကြီး) ပူးတွဲတတိယဆုရရှိသော ထက်ပြည့်သဇင် (မန္တလေးတိုင်းဒေသကြီး)နှင့် ဆုရတီ(ရန်ကုန်တိုင်းဒေသကြီး) အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင်  ပထမဆုရရှိသော ဆယ်လျန်ဇူး(ချင်းပြည်နယ်) ဒုတိယဆုရရှိသော ဒါဝူး(ပဲခူးတိုင်းဒေသကြီး) ပူးတွဲ တတိယဆုရရှိသော ဇော်မင်းသူ(ဧရာဝတီတိုင်းဒေသကြီး)နှင့် မြတ်နိုးအောင်(ရန်ကုန်တိုင်းဒေသကြီး) တို့ကို  မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် အလုပ်အမှုဆောင်များမှ ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် အမျိုးသမီး()ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော အေးအေးနွယ်+ပြည့်ရတီဦး (ပဲခူးတိုင်းဒေသကြီး) ဒုတိယဆုရရှိသော  ခင်ခင်သန်း+အေးမြတ်မွန်ဆွေ (ရန်ကုန်တိုင်းဒေသကြီး) ပူးတွဲတတိယဆုရရှိသော ဗိုလ်လီယ+ဧကရီစံ (ကချင်ပြည်နယ်)နှင့် နွေရတနာဦး+ဖြူဖြူသင်း (ကချင်ပြည်နယ်)တို့ကို မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌမှ လည်းကောင်း၊  အမျိုးသား()ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဖြိုးသူလွင်+လင်းထက်နိုင် (ပဲခူးတိုင်းဒေသကြီး) ဒုတိယဆုရရှိသော အောင်ရတနာဖြိုး+သန့်ဇင် (ကချင်ပြည်နယ်) ပူးတွဲတတိယဆုရရှိသော ဆယ်လျန်ဇူး+ဇမ်းဇိုးထန် (ချင်းပြည်နယ်)နှင့် ဟိန်းမင်းဆက်+လင်းထက်နိုင် (တနင်္သာရီတိုင်းဒေသကြီး)တို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးမှ လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် အမျိုးသား/အမျိုးသမီး ()ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဒါဝူး+ပြည့်ရတီဦး (ပဲခူးတိုင်းဒေသကြီး) ဒုတိယဆုရရှိသော  အောင်ရတနာဖြိုး+နွေရတနာဦး (ကချင်ပြည်နယ်) ပူးတွဲတတိယဆုရရှိသော မြတ်နိုးအောင်+အေးမြတ်မွန်ဆွေ (ရန်ကုန်တိုင်းဒေသကြီး)နှင့် အောင်သော်ခန့်+ဆုရတီ (ရန်ကုန်တိုင်းဒေသကြီး)တို့ကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ်မှလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသော  ကချင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှလည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးမှ လည်းကောင်းပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရရှိသော အိဖြူ(မန္တလေးတိုင်းဒေသကြီး)နှင့်  အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိသော ဖီဆာဆဲ(ပဲခူးတိုင်းဒေသကြီး)တို့အား  ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ်()သိန်းစီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။             

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမျိုးသမီးတံခွန်စိုက်ဆု၊ အမျိုးသား တံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဆုရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်းအား ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

သတင်းစဉ်