၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ  အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဇွန် ၂၆

 

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ပဉ္စမနေ့ အုပ်စုပွဲစဥ်များကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဆက်လက်ယှဥ်ပြိုင် ကစားကြသည်။

 

နံနက်ပိုင်းတွင် အုပ်စု(က)ပွဲစဉ်အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(က)အသင်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန (က) အသင်းက ၂ ဂိုး ဂိုး မရှိဖြင့် အနိုင်ရရှိသွားသည်။

 

ညနေပိုင်းတွင် အုပ်စု(ခ)ပွဲစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာနအသင်းက  ၁ ဂိုး ဂိုး မရှိဖြင့် အနိုင်ရရှိသည်။

 

ယနေ့ယှည်ပြိုင်ကစားကြသည့် အုပ်စုပွဲစဉ်များသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်း မိသားစုများနှင့် ဝါသနာရှင် ပြည်သူများ လာရောက် ကြည့်ရှုအားပေးကြသည်။

 

ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် အုပ်စု(ဂ)မှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ)အသင်းတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃)၌လည်းကောင်း၊ ညနေပိုင်းတွင် အုပ်စု(က)မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းတို့သည် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ လည်းကောင်း၊ အုပ်စု(ဂ)မှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန(က) အသင်းနှင့်ပညာရေးဝန်ကြီးဌာန (ခ)အသင်းတို့သည် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)