၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ဇွန် ၂၃

 

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသောဦးတည်ချက်ဖြင့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာန ပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို ဒုတိယနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃)တွင် ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးဝန်ကြီးဌာနအသင်းက ၇ ဂိုး- ၆ ဂိုး ဖြင့်အနိုင်ရရှိသည်။

 

ညနေပိုင်းတွင်လည်း ပညာရေးဝန်ကြီးဌာန(ခ)အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တစ်ဖက် ၃ ဂိုးစီဖြင့် သရေရလဒ်ဖြင့် ပြိုင်ပွဲပြီးဆုံးသည်။

 

ယနေ့ ယှဉ်ပြိုင်ကစားကြသည့် ပွဲစဉ်များသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း များမှအား ကစားသမားများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ လာရောက်အားပေး ကြည့်ရှုကြသည်။

 

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲကို ထူးချွန်ထက်မြက်သည့် တက္ကသိုလ် ကျောင်းသားအား ကစားသမားများကို ရွေးချယ်လေ့ကျင့်၍ ၂၀၂၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့်(၂၁)ကြိမ်မြောက်အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN University Games-AUG) အပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားစေမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)