၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ တတိယနေ့ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဇွန် ၂၄

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသောဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ တတိယနေ့ အုပ်စုပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် ဆက်လက်ကျင်းပရာ ပထမပွဲစဉ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

 ညနေပိုင်းတွင် ဒုတိယပွဲစဉ်အဖြစ် ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန (က)အသင်းက ၁၀ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။

တတိယနေ့ အုပ်စုပွဲယှဉ်ပြိုင်မှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သတင်းစဉ်