၂၀၂၃ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ ပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ

 

၂၀၂၃ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ ပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊  ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဌနှင့် ဒုတိယဥက္ကဌ၊ အချိန်ပြည့်နှင့် အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေ အတွင်းရေးမှူးနှင့် ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းနှင့် မိတ်ဖက်အမျိုးသား ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ ထူးချွန်ဆုရရှိသူများနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင်များ   တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုနှစ်တွင် အောင်မြင်မှုများရခဲ့ကြသည့် ကြက်ခြေနီ စေတနာ လုပ်အား ရှင်များအနေဖြင့်လည်း နောင်နှစ်များတွင် ယခုလိုအောင်မြင်မှုများ ဆက်လက်ရရှိအောင် ကြိုးစားသွား ကြရမည်ဖြစ်သကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသူများကို ထိရောက်ကျွမ်းကျင်စွာ ပြုစုပေးနိုင်ရန်အတွက် အမြဲကြိုတင် လေ့ကျင့်ပြင်ဆင်ထားခြင်းဖြင့် နိုင်ငံတော်၏ လူမှုကရုဏာလုပ်ငန်းများတွင် အတူလက်တွဲ ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ လူမှုကရုဏာဆိုင်ရာ အကူအညီလိုအပ်သည့် ပြည်သူလူထု အတွက် ကြက်ခြေနီ အသင်းအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးဖြစ်အောင် တစ်ဖက်တစ်လမ်းက ဆောင်ရွက်သွားကြစေလို ကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ လှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

 

ယင်းနောက် ၂၀၂ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ထူးချွန်ဆုများကို ပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီးက ရှေးဦးပြုစုခြင်းအကြိမ်ရေ အများဆုံးကူညီဆောင်ရွက်ပေးနိုင်သည့် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဆုများကို ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ခင်းကျင်းပြသထားသော အထိမ်း အမှတ်ပြခန်းငယ်ကို  ကြည့်ရှုအားပေးကြသည်။

 

မွန်းလွဲပိုင်းတွင် အခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်းမှ Head of Delegation, Ms.Nadia Khoury နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Deputy Health Coordinator, Ms. Rose Caroline OCHIENG တို့က နှုတ်ခွန်းဆက် စကားပြောကြားကြသည်။

 

ထို့နောက်  ဆောင်းပါး (မြန်မာ၊ အင်္ဂလိပ်)၊ ကဗျာ၊ ဉာဏ်စမ်းပြိုင်ပွဲဆုရရှိသူများ၊ ရှေးဦးပြုစုခြင်း သင်တန်းအကြိမ်ရေ အများဆုံးဖွင့်လှစ်နိုင်သည့် မြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့် ရှေးဦးပြုစုခြင်းဖြင့် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ခဲ့သူများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် တာဝန်ရှိ သူများက ဆုများချီးမြှင့်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ကမ္ဘာ့နိုင်ငံများတွင် နှစ်တစ်နှစ်  စက်တင်ဘာ ဒုတိယပတ် စနေနေ့ကို ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်အခမ်းအနားများကို နိုင်ငံတိုင်းတွင် နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ် ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့ ဆောင်ပုဒ်မှာ “FIRST AID IN THE DIGITAL WORLD”  “ဒစ်ဂျစ်တယ်ကမ္ဘာထဲက ရှေးဦး ပြုစုနည်းပညာ” ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)