2024 JULY JLPT စာမေးပွဲအတွက် Online မှ လျှောက်လွှာတင်ထားသူများ ဇွန်လ (၁) ရက်နေ့မှ စတင်၍ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Test Voucher ) ထုတ်ယူနိုင်

ရန်ကုန် မေ ၂၉
 

2024 JULY JLPT စာမေးပွဲအတွက် Online မှ လျှောက်လွှာတင်ထားသူများအနေဖြင့် ဇွန်  (၁) ရက် မှ စတင်၍ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) အား  ထုတ်ယူနိုင်ပြီဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေး ကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ မေ ၂၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

စာမေးပွဲဖြေဆိုသည့်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) အား Color Print ထုတ်၍ ယူဆောင်လာရမည်ဖြစ်ပြီး ဖုန်းဖြင့်ပြသ၍ မရကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) အားဝင်ရောက်ထုတ်ယူရမည့် Website Link https://jlpt-maja.org.mm/ ဖြစ်ပြီး Test Voucher ထုတ်ယူပုံ အဆင့်ဆင့်အနေဖြင့် ပထမဦးစွာ အထက်ပါ link အား copy ယူ၍ browser တွင် ဖွင့်ပြီး လော့ဂ်အင် ခလုတ်အားနှိပ်ကာ လော့ဂ်အင် ID နှင့် စကားဝှက်အား ဖြည့်သွင်း၍ လျှောက်လွှာဖောင်အချက်အလက် ခလုတ်အားနှိပ်ပြီး လျှောက်ထားသူသည် "PDF အားလုံးယူမည်" ခလုတ်အားနှိပ်၍ (Download) လုပ်ရပါမည်ဟု ပါရှိသည်။

Test Voucher တွင် စာမျက်နှာ ၃ မျက်နှာဖြစ်သော စာမျက်နှာ ၁ - Test Voucher (ခုံနံပါတ်၊ ဖြေဆိုရမည့်ရက်၊ အချိန် နှင့် နေရာ ပါဝင်ပါကြောင်း၊စာမျက်နှာ ၂ - စာမေးပွဲစည်းကမ်းများ၊ စာမျက်နှာ ၃ - စာမေးပွဲဖြေဆိုရမည့်နေရာပြမြေပုံ ပါဝင်ပြီး စာမေးပွဲလာရောက်ဖြေဆိုသည့်နေ့တွင် အဆိုပါ စာမျက်နှာလုံး (၃) ခုလုံး color Print ထုတ်၍ ယူဆောင်လာရန် လိုအပ်ကြောင်းလည်း အသိပေးထားသည်။ Application Form (Form C) စာရွက်ကိုလဲသိမ်းဆည်းထားရန်လိုအပ်ကြောင်းနှင့်Online result ကြည့်ရှုရာတွင် Form C တွင် ဖြည့်သွင်းထားခဲ့သော Passcode 8 လုံးအား ထည့်သွင်းကြည့်ရှုရမည်ဟုလည်းဆိုသည်။

Test Voucher ထုတ်ရန် မိမိတို၏ Login ID အား မှတ်သားထားခြင်း မရှိပါက Online Application Website တွင်၊ "Login" > "Forget Password & Login ID" သို ဝင်ရောက်ပြီး၊ မိမိ၏ Email Address အားထည့်သွင်းကာ "Show Login ID" ကို နှိပ်ပြီး Login ID ကို ရယူနိုင်ပြီး စာမေးပွဲဖြေဆိုရမည့်နေ့တွင် ယခု Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) Print စာရွက်နှင့်အတူ အောက်ပါ သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် မပြုပါ”ဟု ထုတ်ပြန်အသိပေးချက်တွင်ပါရှိသည်။

မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်သည်)၊သက်တမ်းရှိ နိုင်ငံကူးလက်မှတ်၊သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ)၊မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်) သာသနာ ဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက်သာ အကျုံးဝင်ပါသည်)ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

MT