၂၀၂၄ ခုနှစ် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ (၈၃)နှင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ (၁၉၄)ဦးရှိ

နေပြည်တော် မေ ၇

 

နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေး အခြေအနေအရ စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများကို အထူးအစီအစဉ် တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲ ဖြေဆိုစေလျက်ရှိသည်။

 

အဆိုပါ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း (၁၂၅) ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း (၈၃)ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် (၆၆ ဒသမ ၄၀) ရာခိုင်နှုန်းနှင့် ဘောဂဗေဒ ဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း (၄၁၀)ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း(၁၉၄)ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် (၄၇ ဒသမ ၃၂) ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

သတင်းစဉ်