၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အတွက် ရပ်ကွက်၊ ကျေးရွာ တည်နေရာ Point များကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်မည့် သင်တန်း အမှတ်စဉ် (၃) ဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၁၄

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လုပ်ဆောင်ရသည့် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်း အဆင့်( ၈) ဆင့်တွင် ပါဝင်သည့် GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲ ပြုစုခြင်း၊ စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းတွင်ပါဝင်သည့် ရပ်ကွက်၊ ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်းအတွက် သင်တန်းအမှတ်စဉ် () ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင် တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ အများဆုံးနှင့် အကြီးဆုံးဖြစ်ပြီး အခြေခံအကျဆုံး ဖြစ်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိမည်ဖြစ်ကြောင်း၊ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းသည် သန်းခေါင်စာရင်းလုပ်ငန်းစဉ် အားလုံးအနက် အချိန်အကြာဆုံး၊ လူအင်အားနှင့် ငွေအင်အား အများဆုံးအသုံးပြုရသည့် လုပ်ငန်းတစ်ခုဖြစ် ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းတွင် GIS နည်းပညာဖြင့် မြေပုံရေးဆွဲခြင်းကို စတင်ဆောင်ရွက် နိုင်ခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရရှိနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆောင်ရွက်နိုင်ရေး ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးစီးပါက သက်ဆိုင်ရာခရိုင် များတွင် ဆင့်ပွားသင်တန်းများဖွင့်လှစ်ပေးပြီး ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များရယူခြင်း၊ အတည်ပြုခြင်းများကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်စေရေးအတွက် ယခု ဆောင်ရွက်နေသည့် ရပ်ကွက်၊ ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

 

ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းသင်တန်းသို့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ (၃၀)တက်ရောက်ပြီး သင်တန်းကာလမှာ () ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်