၂၀၂၄ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်ပိတ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်ကို  ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ သင်္ကြန်အတက်နေ့ ဖြစ်သည့် ယနေ့ နံနက် ၁၀ နာရီမှ စတင်၍ နေပြည်တော်၊ ရုံးအမှတ် (၃၈)ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ဆက်လက်ကျင်းပသည်။ 

အဆိုပါ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၏ ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး နှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် Dancer အကအဖွဲ့များ စုံတက်ရောက်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ညနေ၆ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ မဟာသင်္ကြန် ပွဲတော်ပိတ်ပွဲအခမ်းအနားကို ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြည်ထဲရေး ဝန်ကြီးဌာနမိသားစု၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားကို ပိတ်သိမ်းကြောင်း ကြေညာ၍ အခမ်းအနားအား ရုပ်သိမ်းသည်။

သတင်းစဉ်