၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ အန်ကောသို့ တရုတ်ခရီးသွားလာရောက်မှုသိသိသာသာမြင့်တက်

မတ် ၈

ကမ္ဘောဒီးယားနိုင်ငံရှိ ကျော်ကြားသောအန်ကောရှေးဟောင်းဉယာဉ်သို့လာရောက်သောတရုတ်ခရီးသွားအရေအတွက်သည် ၂၀၂၄ ခုနှစ်ပထမနှစ်လအတွင်း သိသိသာသာမြင့်တက်လာသည်ဟု နိုင်ငံပိုင်အန်ကောလုပ်ငန်းက ယမန်နေ့က ဖော်ပြထားသည်။ အန်ကောသို့အားလပ်ရက်လာရောက်လည်ပတ်သော တရုတ်ခရီးသွားဦးရေသည် ယခုနှစ်ပထမနှစ်လအတွင်း ၁၆၀၇၄ ဦးရှိရာ လွန်ခဲ့သောနှစ် အလားတူကာလအတွင်း လာရောက်လည်ပတ်သော တရုတ်ခရီးသွားဦးရေ ၆၆၉၀နှင့်နှိုင်းယှဉ်ပါက ၁၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် တောင်ကိုရီးယား၊ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့ပြီးလျှင် အန်ကောသို့လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားများ၏ ပဉ္စမမြောက်အကြီးမားဆုံးရင်းမြစ်ဖြစ်သည်။ အဆိုပါရှေးဟောင်းဉယာဉ်သို့ နိုင်ငံနှင့်ဒေသပေါင်း ၁၆၉ ခုမှ နိုင်ငံခြားသား ၂၃၅၈၅၀ လာရောက်လည်ပတ်ခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလက လာရောက်လည်ပတ်သော နိုင်ငံခြားသားဦးရေ ၁၅၆၉၅၁ နှင့်နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းမြင့်တက်မှုရှိကြောင်း ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံရှိ ခရီးသွားများအများဆုံးသွားရောက်လည်ပတ်ရာဖြစ်သည့် အန်ကောရှေးဟောင်းဉယျာဉ်သည် ယူနက်စကိုစာရင်းဝင်ခဲ့ပြီး ၎င်း၏အကျယ်အဝန်းသည် ၄၀၁ စတုရန်းကီလိုမီတာရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို