​​​​​​​ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲဖွင့်

ရန်ကုန်     မေ     ၁၁

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့  ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက်  အကောင်းဆုံး အားကစားသမားဆုနှင့် အကောင်းဆုံး (အုပ်ချုပ်သူ/နည်းပြ) ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်း  ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုအမှာစကားပြောကြားပြီး ၂၀၂၅  ခုနှစ်အတွက် အကောင်းဆုံးအားကစားသမား(အမျိုးသား/အမျိုးသမီး)၊ အကောင်းဆုံး အုပ်ချုပ်သူ/ နည်းပြဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ကာယဗလအားကစားသမား မောင်ရဲထွန်းနောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်  ကြက်တောင်ပြိုင်ပွဲဖွင့်ပွဲကို လမ်းမတော်မြို့နယ် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်၊ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ် သည်။

အဆိုပါပြိုင်ပွဲကို အားကစားသမား ၂၃၉ ဦးဖြင့် မေ ၁၁ ရက်မှ ၁၅ ရက်အထိ  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ဇွဲထက်ကို(ပြန်/ဆက်)