နေပြည်တော် ဇူလိုင် ၂၀
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှဇွန်လအတွင်း ပြည်ပငါးတင်ပို့မှု တန်ချိန် ၁၆၆၂၅ ဒသမ ၄၈၇ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၄၅ သန်း ရရှိခဲ့ကြောင်း ညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်းက ပြောသည်။
ထိုသို့တင်ပို့ရာတွင် ရေချို ရေငန် ငါးတင်ပို့မှုအနေဖြင့် ၉၇၄၁ ဒသမ ၈၆၈ တန် တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၆၈ သန်း၊ ပုစွန်တင်ပို့မှုအနေဖြင့် တန် ၅၆ ဒသမ ၄၂၀ တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၁ သန်းနှင့် ငါးပိ/ ငါးခြောက် စသည်ဖြင့် တင်ပို့မှုမှာ တန်ချိန် ၆၈၂၇ ဒသမ ၁၉၉ တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၄၆၆ သန်းရရှိခဲ့ရာ စုစုပေါင်း ပြည်ပငါးတင်ပို့မှုတန်ချိန် ၁၆၆၂၅ ဒသမ ၄၈၇ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၄၅ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံပေါင်း ၃၀ သို့ တင်ပို့လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ငါးတင်ပို့မှု တန်ချိန် ၄၆၃၇၈၈ ဒသမ ၃၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၆၈၉ ဒသမ ၁၅၀ ရရှိခဲ့သည်။ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကို အဓိကတင်ပို့လျက်ရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဘဏ္ဍာနှစ်အလိုက် ပြည်ပငါးတင်ပို့မှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၃၃၆၀၆၈ ဒသမ ၅၂၁ တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄၈၀ ဒသမ ၆၆၆ သန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၁၄၈၄၁ ဒသမ ၃၆၇ တန်တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၇၇၄ ဒသမ ၂၂၇ သန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၂၂၅၆၅ ဒသမ ၈၁၄ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၉ ဒသမ ၄၂၂ သန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၅၃၈၉၃ ဒသမ ၂၂၆ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၂ ဒသမ ၄၆၇ သန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၆၃၇၈၈ ဒသမ ၃၉၀ တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာသန်း ၆၈၉ ဒသမ ၁၅၀ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် MSME ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ပို့နိုင်ရန် သင်တန်းပေးခြင်းနှင့် နည်းစနစ်မှန်ကန်စွာ မွေးမြူနိုင်ရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
TMK


