ပဲခူး ဇွန် ၁
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှု ရာခိုင်နှုန်းတိုးတက်မြင့်မားစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မြို့နယ်အလိုက် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်နေမှုနှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု၊ စာသင်ကျောင်းများအလိုက် ကျောင်းအပ်နှံမှု တိုးတက်မြင့်မားလာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးပညာရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံရမည့် လျာထားကျောင်းသားဦးရေ၊ ကျောင်းအပ်နှံမှု ရာခိုင်နှုန်း၊ ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ယခုနှစ်တွင် လျာထားချက်ပြည့်မီစွာ ကျောင်းတက်ရောက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


