ဖနောင်ပင် မေ ၁၁
ကမ္ဘောဒီးယားနိုင်ငံသည် ဂျပန်နိုင်ငံ အိုက်ချီ–နာဂိုယာ၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ၌ အားကစားနည်း ၁၁ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အားကစားသမားများစေလွှတ်သွားရန် စီစဉ်ထားကြောင်း အားကစားဆိုင်ရာတာဝန်ရှိသူတစ်ဦးက မေ ၁၁ ရက်တွင် ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများတွင် ရေကူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဂျူဂျစ်ဆု၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို (WT)၊ ထရိုင်သလွန် (ရေကူး၊ စက်ဘီးစီး၊ အပြေးသုံးမျိုးစပ် အားကစား)၊ နပန်း၊ e-sports နှင့် တက်ဘောတို့ ပါဝင်ကြောင်း ကမ္ဘောဒီးယား အမျိုးသားအားကစားလေ့ကျင့်ရေးစင်တာ ညွှန်ကြားရေးမှူး ယန်းကစ် ဆီဗူသာက ပြောကြားသည်။
အဆိုပါအားကစားနည်း ၁၁ မျိုးအနက် တိုက်ကွမ်ဒို (WT)နှင့် e-sports တို့သည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် တရားဝင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် အရည်အချင်းစစ်ဆေးမှုများ အောင်မြင်ရန် လိုအပ်သေးကြောင်း ယန်းကစ်ဆီဗူသာက ပြောကြားသည်။
အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲကို လာမည့်စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသည် ကြေးတံဆိပ်တစ်ခုသာရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ


