၂၀၂၆ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အီတလီတွင် ကျင်းပမည်

၂၅ ဇွန်

၂၀၂၆ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အီတလီနိုင်ငံ Milan မြို့ နှင့် Cortina d'Ampezzo မြို့များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းရာသီအိုလံပစ်ပွဲ ကို လက်ခံကျင်းပရေးအတွက် ဆွီဒင်နိုင်ငံ (စတော့ဟုမ်း နှင့် အေရီ (Are) မြို့) နှင့် အီတလီနိုင်ငံ(Milan မြို့ နှင့် Cortina d'Ampezzo မြို့) တို့ အပြိုင်အဆိုင်ဖြစ်နေသဖြင့်  Lausanne  မြို့ရှိ နိုင်ငံတကာအိုလံပစ်ကော်မတီ အဖွဲ့ဝင်များက မဲပေးရွေးချယ်ခဲ့ရာ အီတလီအတွက် ၄၇ မဲ နှင့် ဆွီဒင်အတွက် ၃၄ မဲ ရရှိသောကြောင့် ထိုအိုလံပစ်ပွဲကို အီတလီ နိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

 

mdn

 

Cortina d'Ampezzo မြို့သည် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ၁၉၅၆ ခုနှစ်က ပထမတစ်ကြိမ်ကျင်းပခဲ့ပြီးနောက်ပိုင်း ယခု ဒုတိယအကြိမ်မြောက် ကျင်းပမှာဖြစ်ကြောင်း နှင့် နွေရာသီ (သို့မဟုတ်) ဆောင်းရာသီ အိုလံပစ် ပွဲတော်များကို အီတလီနိုင်ငံတွင် လက်ခံကျင်းပခဲ့သည်မှာ ယခု အကြိမ်ဖြင့်ဆိုလျှင် လေးကြိမ်မြောက်ဖြစ်ကြောင်း ဖော်ပြထားသည်။

Milan မြို့ နှင့် Cortina မြို့တို့တွင် ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပခွင့်ရရှိရန်  ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရ နှစ်ခုစလုံးမှ  ထောက်ခံမှုရရှိခဲ့သည့်အတွက် ချီးကျူးကြောင်း ဖော်ပြထားသည်။

 

mdn

 

အီတလီနိုင်ငံ Milan မြို့ နှင့် Cortina d'Ampezzo မြို့များတွင် ၂၀၂၆ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကျင်းပရန် ကနဦး စစ်တမ်းကောက်ယူမှုအရ လူထုထောက်ခံမှုနှုန်း ၈၃ ရာခိုင်နှုန်းရှိကာ ဆွီဒင်နိုင်ငံ (စတော့ဟုမ်း နှင့် အေရီ ( Are) မြို့ )တို့ထက် ၂၀ မှတ်ကျော် ရရှိခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို