နေပြည်တော် မေ ၂၅
၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီး ချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးအားကစားကွင်း၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီး ချုပ်(လေ)ကိုယ်စား နယ်မြေခံလေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား နယ်မြေခံလေတပ် စခန်းဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ် ဘောလုံးအသင်းများ၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်ရှိ ဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းတို့ဖြင့် ဇွန် ၁၀ ရက်ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


