ပြင်သစ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား တတိယလုပွဲမှာ အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို ခြောက်ဂိုး - လေးဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကို ဒီကလန်ရိုက်က တစ်ဂိုး၊ ကွန်ဆာက တစ်ဂိုး၊ ဆာကာက သုံးဂိုး၊ ဘယ်လင်ဂန်က တစ်ဂိုးသွင်းယူပေးခဲ့ပြီး ပြင်သစ်အသင်းအတွက် သွင်းဂိုးတွေကိုတော့ အမ်ဘတ်ပီက နှစ်ဂိုး၊ ဘာကိုလာက တစ်ဂိုး၊ ဒမ်ဘီလီက တစ်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနဲ့အတူ သွင်းဂိုး သုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ တောင်ပံကစားသမား ဆာကာဟာ ၁၉၆၆ ခုနှစ် နောက်ပိုင်း အင်္ဂလန်အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။
အခုပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့အတူ သွင်းဂိုး နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးအမ်ဘတ်ပီဟာ ယခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ သွင်းဂိုး ၂၂ ဂိုးအထိရှိလာခဲ့ကာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ဖို့လည်း ရေပန်းစားနေတာဖြစ်ပါတယ်။
ငွေကြယ်


