၂၀၃၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ကိုလံဘီယာ စိတ်ဝင်စား

ဘိုကိုတာ စက်တင်ဘာ ၁၆

 

ကိုလံဘီယာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ပီရူး၊ အီကွေဒေါနိုင်ငံတို့နှင့်အတူ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စိတ်ဝင်စားမှုရှိသည်ဟု ကိုလံဘီယာသမ္မတ အိုင်ဗန်ဒု့ဇ်က စက်တင်ဘာ ၁၄ ရက်တွင် အတည်ပြုပြောကြားခဲ့ သည်။ လွန်ခဲ့သောသီတင်းပတ်က ကိုလံဘီယာတောင်ပိုင်း လက်တီစီယာမြို့တွင်ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးပွဲတွင် အီကွေဒေါသမ္မတ လီနင်မော်နို၊ ကိုလံဘီယာသမ္မတ အိုင်ဗန်ဒု့ဇ်နှင့် ပီရူးသမ္မတ မာတင်ဗစ်ကာရာတို့ တွေ့ဆုံခဲ့ကြပြီးနောက် အီကွေဒေါသမ္မတက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပရန် ဆန္ဒရှိသလားဟု အီကွေဒေါသမ္မတက မေးမြန်းခဲ့ပြီးနောက် ကိုလံဘီယာ သည် ပမာဏခြေလှမ်းများလုပ်ဆောင်ရန် သဘောတူသည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ဒု့ဇ်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများကိုလည်း အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ဖီဖာထံသို့ လျှောက်ထားရာ တွင် လွယ်ကူစေရန် ပီရူးနှင့် အီကွေဒေါနိုင်ငံတို့မှ အစိုးရများနှင့် လက်တွဲလုပ်ဆောင်သွားရန် မှာကြားထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ဆင်ဟွာ