(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားအဖွဲ့များ ထွက်ခွာ

ရန်ကုန်   မေ   ၅

၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားအဖွဲ့များ သည် မေ ၄ ရက် နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်က Rowing အားကစားနည်းမှ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ခြောက်ဦး၊ အုပ်ချုပ်သူ သုံးဦး၊ စစ်တုရင်အားကစားနည်းမှ အမျိုးသားလေးဦး၊ Kurash အားကစားနည်းမှ အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦး၊ စုစုပေါင်း ၃၁ ဦးတို့ ထွက်ခွာသွားရာအားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းတို့က ပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။

အာကာစိုး