(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကီလိုတန်းအလိုက် ကာယဗလပြိုင်ပွဲများတွင် မြန်မာအသင်းမှ   ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးတစ်ခု ဆွတ်ခူးရရှိ

ရန်ကုန် မေ ၁၄

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်မှ ကာယဗလ ကီလိုတန်းအလိုက်ပြိုင်ပွဲများ‌ကို မေ ၁၄ ရက်(ယနေ့)တွင် ယှဉ်ပြိုင်ခဲ့ကြရာ ရွှေ တစ်၊ ငွေ နှစ်၊‌ ကြေး တစ်ခု ဆွတ်ခူးရရှိထား‌ကြောင်း သိရသည်။

 

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာကာယဗလ အားကစားသမားများသည် (၇၀) ကီလိုတန်းတွင် ပထမ ရဲထွန်းနောင်၊ ဒုတိယ မလေးရှား၊ တတိယ လာအိုကလည်းကောင်း၊  (၈၀) ကီလိုတန်းတွင် ပထမ ထိုင်း၊ ဒုတိယ မင်းဇော်ဦး(မြန်မာ)၊ တတိယ မလေးရှားကလည်း‌ကောင်း၊ (၈၅) ကီလိုတန်းတွင် ပထမထိုင်း၊ ဒုတိယ ခင်မောင်ကျော်(မြန်မာ)၊ တတိယ မလေးရှားက လည်းကောင်း၊ (၅၅)ကီလိုတန်းတွင် ပထမ ဗီယက်နမ်၊ ဒုတိယ မလေးရှား၊ တတိယ‌ကျော်မင်းသန်း (မြန်မာ)နိုင်ငံတို့ အသီးသီးဆွတ်ခူးရရှိထားကြောင်း သိရသည်။‌

 

မေ ၁၅ ရက်နေ့တွင် အလွတ်တန်းပြိုင်ပွဲတွင် တင့်နိုင်၊ အမျိုးသမီး ကာယဗလပြိုင်ပွဲ Women Bodybuilding တွင် ဝတ်ရည်ဖြိုး၊ Miss Pair စုံတွဲပြိုင်ပွဲတွင် ဝတ်ရည်ဖြိုးနှင့် မင်းဇော်ဦး အတွဲတို့မှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

အာကာစိုး