(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာအားကစားအဖွဲ့ ထွက်ခွာ

ရန်ကုန် မေ ၁၁

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မြန်မာအားကစားအဖွဲ့နှင့်အတူ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တွင်မြန်မာအမျိုးသား  လေကြောင်း လိုင်း (စင်းလုံးငှားလေယာဉ်)ဖြင့် ရန်ကုန်မြို့မှထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊   ရန်ကုန်တိုင်းဒေသကြီး အားက စားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ အားကစားအဖွဲ့များတွင် ဖိတ်ကြားခံပုဂ္ဂိုလ်(၁)ဦး၊ အုပ်ချုပ်မှုအဖွဲ့ (၁)ဦး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌနှင့် အုပ်ချုပ်မှုအဖွဲ့(၂)ဦး၊ ဂျူဒိုအားကစားနည်းမှ အုပ်ချုပ်/ နည်းပြ (၅)ဦး၊ အမျိုးသားအားကစားသမား(၆)ဦး ၊ အမျိုးသမီး အားကစားသမား(၇)ဦး၊ အလေးမအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၂)ဦး၊ အမျိုးသား အားကစားသမား(၂)ဦး၊ အမျိုး သမီးအားကစားသမား(၂)ဦး၊ ဗိုဗီနမ်(အားနစ်) အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၅)ဦး၊ အမျိုးသား အားကစားသမား(၈)ဦး၊ အမျိုးသမီးအားကစား သမား(၆)ဦး တို့ လိုက်ပါသွားကြောင်း သိရသည်။

သတင်းစဉ်