နေပြည်တော်၊ မတ် ၂၁

 

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က  (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံရှိ မြို့()မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲနီးလာသည့်အတွက် အားကစားနည်းအလိုက်  အားကစားကွင်း/ အားကစားရုံများ ပြုပြင်ထိန်းသိမ်းရေး၊ စခန်းဝင်လေ့ ကျင့်နေသည့် အားကစားသမားများ၏ လေ့ကျင့်ရေးနှင့် နေထိုင်စားသောက်ရေး၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အားကစားနှင့်ဆက်နွယ်သည့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားရေး၊ သင်္ကြန်မတိုင်မီလုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ထားကြရေး၊ အားကစားနှင့် ကာယပညာ (သိပ္ပံ) သင်တန်းသားရွေးချယ်ရာတွင် သတ်မှတ်ထားသည့်မူများအတိုင်း စနစ်တကျရွေးချယ်သွားရေး  မှာကြားသည်။

 

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)