“(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်

နေပြည်တော်၊ ဇွန် ၁၅

 

လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့်  မိဘပြည်သူများအတွက်  “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ (၂၁) ရက်နေ့မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည(၈)နာရီသတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

 

အဆိုပါ (၃၈)ဖြာ မင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမ များစွာပါဝင်သည့် ကတညုတာ (သူတစ်ပါးပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း)နှင့် ဉာတကာနဉ္စသင်္ဂဟော (ဆွေမျိုး မောင်နှမ တို့ကို စောင့်ရှောက်ခြင်း)   အစီအစဉ်(၂)ခုကို ဇွန်(၁၈)ရက် စနေနေ့ည () နာရီခန့်တွင် ဆက်လက်ပြသမည် ဖြစ်သည်။

 

ယင်းတင်ဆက်မှုကို နန်းတော်ရှေ့ဆရာတင်၏မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နန်းဝင်း(ရွှေနန်းသဘင်)၊ နန်းခင်မွှေး၊ သော်သော်နန်းဝင်း (ရွှေနန်းသဘင်)၊ မိုးပြည့်ပြည့်မောင်နှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။

 

ထို့အပြင် ဇွန် (၂၂)ရက်၊ (ဗုဒ္ဓဟူးနေ့)တွင် ကတညုတာ (သူတစ်ပါး ပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း)နှင့် ဇွန် (၂၃)ရက်၊ (ကြာသပတေးနေ့)တွင် ဉာတကာနဉ္စသင်္ဂဟော (ဆွေမျိုးမောင်နှမတို့ကို စောင့်ရှောက်ခြင်း)တို့ကို ညနေ ()နာရီ သတင်းအပြီး၌ တစ်ပိုင်းစီခွဲခြား၍  ပြန်လည်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)