“(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်

နေပြည်တော်၊ ဇူလိုင် ၂၀

 

လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေ ရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့်  မိဘပြည်သူများအတွက်  “(၃၈)ဖြာ မင်္ဂလာ အစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်နေ့မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် ပြသလျက်ရှိသည်။

 

အဆိုပါ (၃၈)ဖြာမင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာပါဝင် သည့် ဝိရဇံ၊ ခေမံ (ကိလေသာကင်း၊ ဘေးမရှိခြင်း) အစီအစဉ်ကို ဇူလိုင် ၂၃ ရက် စနေနေ့ည  ၉ နာရီတွင် ဆက်လက်ပြသမည် ဖြစ်သည်။

 

ယင်းတင်ဆက်မှုကို ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ရွှေဘုန်းကံ၊ မိုးပြည်ပြည့်မောင်၊ ရန်ရှင်းမောင်၊ ထက်မြက်အောင်၊ ဓါတ်လင်း၊ ရွှေအိုး၊ ဒိုးဇက်နှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များ က   ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။

 

အဆိုပါ အစီအစဉ်အား ဇူလိုင် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ သတင်းအပြီးတွင် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)