(၄၂)ကြိမ်မြောက် လီဆူစာပေ ဆရာအတတ်သင် မွမ်းမံသင်တန်းဆင်းပွဲ

တောင်ကြီး   ၁၇    မေ  


ရှမ်းပြည်နယ်(တောင်ပိုင်း)လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့မှကြီးမှူးကျင်းပသော (၄၂)ကြိမ်မြောက် လီဆူစာပေ ဆရာအတတ်သင် မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ခန်းမ၊ အေးသာယာမြို့၌ ကျင်းပခဲ့သည်။


အခမ်းအနားကို လီဆူစာပေ သင်တန်းသား/သူများက စာပေသီချင်းဖြင့် သီဆိုဖျော်ဖြေ၍အခမ်းအနားကို ဖွင့်လှစ်လိုက်သည်။ ပညာရေးဦးစီးဌာန၊ တောင်ကြီးမြို့နယ်၊ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးလှိုင် က နှုတ်ခွန်းဆက်အားပေးစကားပြောကြားသည်။ လီဆူစာပေသင်တန်းသူတစ်ဦး မအားမီက သင်တန်းတွင် သင်ကြားပေးသော သင်တန်းဆရာ/ဆရာမများနှင့် ဝိုင်းဝန်ကူညီပေးကြားသော မိတ်ဆွေများကိုလည်ကျေးဇူတင်ရှိပါကြောင်း ပြောခဲ့သည်။


လီဆူစာပေသင်တန်းသား/သင်တန်းသူများအား ဆုရရှိသူများကို အေးသာယာမြို့အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ တောင်ကြီးမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးလှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောက်ရေးမှတာဝန်ရှိသူ တစ်ဦးတို့က ပထမ၊ဒုတိယ၊ တတိယရရှိသည် သင်တန်းသား/သင်တန်းသူများကို ဂုဏ်ပြုလက်မှတ်များ အသီးသီးချီမြှင့်ခဲ့ကြကြောင်း သိရသည်။


လီဆူစာပေ ဆရာဖြစ်မွမ်းမံသင်တန်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင် က သင်တန်း၏ရည်ရွယ်ချက်နှင့် လီဆူစာပေသင်တန်းကိုပြီးမြောက်အောင်မြင်အောင် တက်ရောက်ပေးသည့် သင်တန်းသား/သင်တန်းသူများနှင့် ယခုတက်ရောက်လာကြသည့် ဌာနဆိုင်ရာများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြာပြီး တောင်ကြီးအေသာယာ လီဆူလူငယ်မောင်မယ်လေးများ က လီဆူတိုင်းရင်းသားရိုးရာအကဖြင့် ကပြဖျော်ဖြေ၍ လီဆူစာပေ ဆရာအတတ်သင် မွမ်းမံသင်တန်ဆင်းပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ် တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)