(၄၇)ကြိမ်မြောက် မဒေါက်မြို့ တန်ဆောင်တိုင်မီးမျှောပွဲနှင့် ရေပွဲသဘင်အား ခြိမ့်ခြိမ့်သဲ ဆင်နွှဲမည်

မဒေါက်  ၂၆   အာက်တိုဘာ

 

အများပြည်သူ ကြည်ညိုသဒ္ဓါပွားနိုင်စေရန်နှင့် ဒေခံပြည်သူများ စည်းလုံးညီညွတ်စရန်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများအား ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်ပြီး ဆီမီး ပူဇော်ပွဲအား တန်ဆောင်တိုင် မီးမျှောပူဇော်ပွဲအဖြစ် သတ်မှတ်၍ ခေါ်တွင်ကျင်းပလေ့ ရှိသည်မှာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ တန်ဆောင်တိုင် မီးမျှာပူဇော်ပွဲဖြစ်ပြီး ယခုနှစ်တွင်(၄၇)ကြိမ်မြောက် အဖြစ် စည်ကားသိုက်မြိုက်စွာ ခြိမ့်ခြိမ့်သဲ ဆင်နွှဲသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။

 

1

 

ယခုနှစ်မဒေါက်ဒေသ တန်ဆောင်တိုင် မီးမျှောပွဲတော်ကြီးကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်(နိုဝင်ဘာ ၁၀ ရက်)မှ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်(နိုဝင်ဘာ ၁၂ ရက်) အထိ ကုန်းပွဲ၊ရပွဲများဖြင့် မဒေါက်မြို့ စစ်တောင်းမြစ်ကမ်းနံဘေး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်ဟု မီးမျှောပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌဦးမျိုးကျော်၏ ပြောကြားချက်အရ သိရသည်။

 

တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ မဒေါက်ဒေသတွင်းသာမက နိုင်ငံအတွင်းမှာရှိတဲ့ တခြားဒေသက ပြည်သူတွလည်း လာရောက်နွှဲပျော်ကြတာဖြစ်တဲ့အတွက် အဘက်ဘက်က ပြည့်စုံအောင်တော့ စီမံဆောင်ရွက်ထားပါတယ်။ မီးမျှောတဲ့စနစ်တွေကိုလည်း မနှစ်ကထက် ပိုမိုကာင်းမွန်အောင် စီစဉ်ဆောင်ရွက်ထားသလို ကုန်းပွဲ၊ ရေပွဲတွေကိုလည်း ဘုရားဖူးဧည့် သည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် စီစဉ်ထားပါတယ်။

 

နောက်ပြီးတော့ ရိုးရာဓလေ့ဖြစ်တဲ့ တက်ခုတ်ယိမ်း၊ တက်ပျံယိမ်း၊ယိမ်းအကအဖွဲ့တွေရဲ့ ကပြယှဉ်ပြိုင်ဖျော်ဖြေမှုတွမှာလည်း ယိမ်းအကအခြေခံကို ပုပြင်ပြောင်းလဲမှုမရှိဘဲနဲ့ အကတွေကို အရင်နှစ်တွေနဲ့မတူအောင် ဆန်းသစ်တီထွင် ဖန်တီးပြီး ပွဲတော်လာပရိသတ်တွေ သဘောကျနှစ် ခြိုက်စွာ အားပေးနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါတယ် ဟု မီးမျှောပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်က ပြောသည်။

 

ယခုနှစ် မဒေါက်ဒေသ တန်ဆောင်တိုင်မီးမျှောပွဲတော်ကြီးတွင် မြန်မာ့ရိုးရာလှေလှော်ပြိုင် ပွဲ၊မြန်မာ့ရိုးရာခြင်း အလှခတ်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲ၊ ချာတိုင်တက်ပွဲ၊ NEW AGE YOUNG တီးဝိုင်းနှင့်အဆိုတော်များ၏ သီဆိုဖျော်ဖြေပွဲ၊ ဇာတ်သဘင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

 

ပွဲတော်၏ အထွတ်အထိပ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်(နိုဝင်ဘာ ၁၂ ရက်)မွန်းလွဲ ၁ နာရီခန့်မှစတင်၍ စစ်တောင်းမြစ်အတွင်းရပွဲသဘင်အဖြစ် မဒေါက်မြို့အနီး ပတ်ဝန်းကျင်ကျေးရွာများမှ အမျိုးသား၊ အမျိုးသမီး တက်ခုတ်တက်ပျံအက အလှယိမ်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၏ ကရင်ဒုံးယိမ်းအကအလှများဖြင့် ဖျော်ဖြေယှဉ်ပြိုင်မှုများ ပြုလုပ်မည်ဖြစ်သည်။

 

ထို့နောက် ညနေ ၄ နာရီခန့်တွင် စစ်တောင်းမြစ်ကမ်းနံဘေးရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအက ပြိုင်ပွဲအသီးသီးနှင့် တက်ခုတ်တက်ပျံ တိုင်းရင်းသားရိုးရာယိမ်းပြိုင်ပွဲများမှ ဆုရရှိသည့် အဖွဲ့များအား ဆုချီးမြှင့်ပွဲကို ကျင်းပသွားမည်ဖြစ်ကာ ညနေ ၆ နာရီတွင် မြတ်စွာဘုရား ကိုအမှူးထား၍ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ရောင်စုံမီးကြာခွက် ၄၅၀၀၀ ဖြင့် မီးမျှောပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

 

မဒေါက်မြို့ တန်ဆောင်တိုင်မီးမျှောပူဇော်ပွဲတော်ကြီးကို မဒေါက်ဒေသနေ ပြည်သူများသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးကိုမျှော်ကိုးလျက် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်ကာလကတည်းက ရှင်ဥပဂုတ္တမထေရ်မြတ် ရုပ်ပွားတာ်ကြီးကို ဆီမီးပူဇော်ခဲ့သည့် အစဉ်အလာရှိခဲ့ပြီး ယင်းမှနှစ်အနည်းငယ်အကြာတွင် အများပြည်သူ ကြည်ညိုသဒ္ဓါပွားများနိုင်စေရန်၊ ဒေသခံများစည်းလုံး ညီညွတ်စေရန်နှင့် ရိုးရာယဉ်ကျေးမှုဓလေ့များ ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ဆီမီးပူဇော်ပွဲအား တန်ဆာင်တိုင်မီးမျှောပူဇော်ပွဲအဖြစ် သတ်မှတ်၍ ခေါ်တွင်ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

 

ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သော ပွဲတော်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်း၌ ဒေသအလိုက် ကျင်းပဆင်နွှဲသည့် ပွဲတော်များအနက် လူသိများကျော်ကြားလှသော မဒေါက်တန်ဆောင်တိုင် မီးမျှာပူဇော်ပွဲတော်သို့ လာရောက်နွှဲပျော်ကြရန် ရပ်ဝေးရပ်နီးမှ ဘုရားဖူးများအား မဒေါက်မြို့သူမြို့သားများက လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်လျက်ရှိကြာင်း သိရသည်။

 

သတင်း-ရန်အောင်ထွန်း၊ ဓာတ်ပုံ-ရဲသိန်း