၄၈ နာရီအတွင်း အစိုးရသစ် ဖွဲ့စည်းရန် ကြိုးစားနေသည့် အစ္စရေး ဝန်ကြီးချုပ်

ဂျေရုစလင် ၂၈ မေ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က သတ်မှတ်ထားတဲ့ကာလမတိုင်မီ ၄၈ နာရီအတွင်း အစိုးရအသစ်တစ်ရပ် ဖွဲ့စည်းရန် ကြိုးပမ်းနေကြောင်း တနင်္လာနေ့တွင်  ထုတ်ဖော်ပြောကြားလိုက်သည်။ သို့သော် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် Yisrael Beiteinu ပါတီခေါင်းဆောင် အဗဂ်ဒါ လီဘာမန် ကို မဖျောင်းဖျနိုင်သေးကြောင်း ဝန်ခံထားသည်။

ဧပြီ ၉ ရက် အထွေထွေ ရွေးကောက်ပွဲပြီးနောက်  အစ္စရေး ပါလီမန် ရုတ်သိမ်းပြီး ၂ လအတွင်းမှာ နေတန်ယာဟုက အခုလို ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကြေညာချက်မထုတ်ခင်မှာ နေတန်ယာဟုဟာ ပါလီမန်မှာ အဗဂ်ဒါ လီဘာမန် နဲ့ တွေ့ဆုံခဲ့ပေမယ့် သဘောတူညီမှု မရခဲ့ကြောင်း သိရသည်။ အစ္စရေး ဥပဒေအရ နေတန်ယာဟုသည် အစိုးရသစ် ဖွဲ့စည်းရန် အချိန် ၂၈ ရက် ရရှိပြီး ဗုဒ္ဓဟူးနေ့ ညလယ်မှာ သတ်မှတ်အချိန်ကာလ ကုန်ဆုံးတော့မည်ဖြစ်သည်။

အစ္စရေး ပါလီမန်အတွင်း နေရာ ၁၂၀ မှာ လက်ယာယိမ်း ပါတီတွေက နေရာ ၆၅ နေရာ အနိုင်ရရှိထားပေမယ့် အဗဂ်ဒါ လီဘာမန် ရဲ့ ပါတီက ရရှိထားတဲ့ နေရာ ၅ နေရာ ပါဝင်ခြင်းမရှိကြောင်း သိရသည်။ အဗဂ်ဒါ လီဘာမန် က တောင်းဆိုထားသည့် စစ်သားစုဆောင်းရေး ခွဲတမ်းသတ်မှတ်ခြင်း ဥပဒေကြမ်း ပြင်ဆင်မှုကို နေတန်ယာဟု က လက်မခံသဖြင့် အဗဂ်ဒါ လီဘာမန် ဟာ အစိုးရနှင့် ပေါင်းစည်းရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

SMZaw(MDN)
Source> Xinhua