၅ ဒသမ ဝ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်လှုပ်ခတ်

နေပြည်တော်  ၂၈  ဩဂုတ်

ယနေ့  မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၁၀ မိနစ်  ဝ၅ စက္ကန့် တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၂၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ မြောက်လတ္တီတွဒ် (၁၃.၁၇)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၃.၁၁)ဒီဂရီ၊ အနက် (၉၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN