နေပြည်တော် နိုဝင်ဘာ ၂
(၅၃)ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို “မျိုးစေ့ဥပဒေနှင့် မျိုးစေ့ မျိုးပွားသုတေသနများအကြာင်း” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီး ဌာန စုပေါင်းခန်းမတွင်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသီများ၊ ပညာရှင် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေး ဝန်ထမ်းများ၊ မကွေးတိုင်းဒေသ ကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ်များနှင့် golden Sunland ၊ Future green၊ ပြည့်ဝ၊ ရတနာ၊ နွယ်မင်းလတ်မျိုးစေ့ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူ(၁၉၉)ဦးတို့က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့အနေဖြင့် ပညာရှင်နှင့် တောင်သူကြား၊ လုပ်ငန်းရှင်နှင့် သုတေသနကြား ကွာဟမှုကိုလျော့ချပေးနိုင်ရန်အတွက် ယခုကဲ့သို့ တောင်သူ နည်းပညာဆွေးနွေးပွဲများအား ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျိုးစေ့ဥပဒေသည် အရေးကြီးပါကြောင်း၊ အဆိုပါ မျိုးစေ့ဥပဒေအား ဆက်စပ်ပတ်သက် သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မျိုးစေ့ လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နိုင်ရန်နှင့် ယင်းလုပ်ငန်းကိုစနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မျိုးစေ့ဥပဒေအား ပြဌာန်းထားခြင်းဖြစ်ပါကြောင်း၊ တဘက်မှလည်း စိုက်ပျိုးရေးဦးစီး ဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များအနေဖြင့် မျိုးစေ့မှတ်ပုံတင်သည့်အခါ မျိုးအမည်ပေးစနစ်အား တောင်သူများအကြား ခေါ်ရလွယ်မည့်၊ မှတ်မိလွယ်သည့် မျိုးအမည် ပေးရန်လို အပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းကြည် နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါ်သိန်းသိန်းမော် တို့က စပါးမျိုးစေ့ပွါးများ ထုတ်လုပ်ဖြန့်ဖြူးမှု့နည်းစနစ်နှင့် မျိုးစေ့လုပ်ငန်းဆောင်ရွက်သူ နှင့်ဝယ်ယူသုံးစွဲသူတို့အတွက် မျိုးစေ့ဥပဒေအကြောင်း သိကောင်းစရာများကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးပွဲတက်ရောက် လာကြသူများ၏ မေးမြန်းချက်များအပေါ် အသေးစိတ် ဖြေကြားဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် မကွေးတိုင်းဒေသကြီး တောင်သူကိုယ်စားလှယ်များနှင့် ပုဂ္ဂလိက မျိုးစေ့ ကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံ ဗဟိုဌာနတွင် စမ်းသပ်သုတေသနပြု စိုက်ပျိုးထားသည့် စားသုံးမှုကောင်း၍ အထွက်နှုန်း ကောင်းမွန်သော မိုးရေသောက် လယ်စပါးများ မျိုးမွေးမြူရွေးချယ်ခြင်း သရုပ်ပြ စမ်းသပ် စိုက်ခင်းနှင့် တောင်သူများ ပူးပေါင်းပါဝင်သော သားဆက်လိုင်းများ မွေးမြူရွေး ချယ်ခြင်း အတွက် စိုက်ပျိုးထားရှိခြင်းများ၊ ဩဂဲနစ်သုတေသနဗဟိုဌာန အတွင်းဆောင် ရွက်လျက်ရှိသည့် လေအေးပေး၍ မြေဆွေးစေခြင်း ဆောင်ရွက်နေမှုများကို လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်