(၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ စတင်ျင်းပ  

နေပြည်တော် စက်တင်ဘာ ၁၄

 

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၅) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့  တက်ရောက်သည်။

 

အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင်ကျင်းပခဲ့ရာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E. Pan Sorasak က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနား မစတင်မီ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က အာဆီယံ စီးပွားရေး ဝန်ကြီးများကို တွေ့ဆုံသည့် အခမ်းအနားသို့လည်း တက်ရောက်သည်။ 

 

ထို့နောက် (၅) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ဆက်လက်ကျင်းပခဲ့ရာ (၃)ကြိမ်မြောက် လွတ်လပ်သောကုန်သွယ်မှု ဒေသ ကောင်စီအစည်းအဝေးကို နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှု ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးပြီး၊ ဒေသတွင်းကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေး ပိုမိုချဲ့ထွင်နိုင်ရန်အတွက် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စရပ်များကို မှာကြားခဲ့သည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံပြတင်းတစ်ပေါက်စနစ်ကို ပြည့်ပြည့်ဝဝအသုံးချ၍ အီလက် ထရောနစ်စနစ်ဖြင့် အကောက်ခွန်သက်သာခွင့် လျှောက်ထားသည့်ပင်ရင်း သက်သေခံလက်မှတ် များ လဲလှယ်ရေးကိစ္စများအပေါ် ဝန်ကြီးများက တိုက်တွန်း မှာကြားသည်။

 

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသအကောင်အထည်ဖော်မှုအခြေအနေ၊ နိုင်ငံအဆင့်အခွင့်ရ စီးပွားရေး လုပ်ငန်း ဆောင်ရွက်သူများ အစီအစဉ်ဆောင်ရွက်နေမှုနှင့် အကောက်ခွန်ပေါင်းစည်းမှုဆိုင်ရာ ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ (၂) ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီအစည်းအဝေးကို ကျင်းပခဲ့ ရာ ဝန်ကြီးများက အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး၊ အာဆီယံရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ (၂၀၂၂) ထုတ်ဝေမှု အပေါ် ကြိုဆိုခဲ့ကြသည်။ ထို့အပြင် အဆင့်မြင့်စီးပွားရေးအရာရှိများကဝန်ကြီးများထံ တင်ပြ သည့် အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကာလတွင်း ပြုလုပ်မည့် အာဆီယံရင်းနှီးမြှုပ်နှံမှုခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများအပေါ်  မှတ်တမ်းတင် ခဲ့ကြပြီး အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကဲဖြတ်သုံးသပ်မှုအစီရင်ခံစာ (၂၀၂၂) (ASEAN Investment Peer Review Report 2022) ကို အတည်ပြုခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းဒေသတွင်း ရင်းနှီး မြှုပ်နှံမှုများ ဖြေလျော့ပေးရန် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ကပ်ရောဂါအလွန် ဒေသတွင်း အလား အလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား ခဲ့သည်။

 

မွန်းလွဲပိုင်းတွင် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲ တွင် အာဆီယံစီးပွားရေးဝန်ကြီးများနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီက ၂၀၂ ခုနှစ် အတွင်း ပုဂ္ဂလိကကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ဝန်ကြီးများက အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိက အခန်းကဏ္ဍက ပိုမို ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များကို ပြောကြားသည်။

ညနေပိုင်းတွင် (၅) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်း အဝေးကို ကျင်းပခဲ့ရာဝန်ကြီးများက ကမ္ဘာဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူနေသည့် ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာဦးစားပေး လုပ်ငန်းများ၏ အကောင်အထည်ဖော်မှုအခြေအနေများကို မှတ်တမ်းတင်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးများက ရေကြောင်းသယ်ယူပို့ဆောင်ရေးတွင် ကုန်သေတ္တာများသုံးစွဲရာ၌ စီမံခန့်ခွဲမှု တိုးတက်စေရေး လေ့လာမှု၏ရလဒ်များအပေါ် မူဝါဒဆိုင်ရာအကြံပြုချက်များနှင့် လမ်းညွှန် ချက်များပေးခဲ့ကြသည်။ ထို့အပြင်ဝန်ကြီးများက ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံမူဘောင် သဘောတူ စာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်းကြေညာသည်။ ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာဦးစားပေး လုပ်ငန်းများ အကောင်အထည်ဖော်မှုအပေါ်  မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသည်။

 

စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင်လည်း အာဆီယံစီးပွားရေးဝန်ကြီးများ၏ အလုပ်သဘော ညစာစားပွဲကို ကျင်းပခဲ့ပြီး၊ နိုင်ငံအလိုက် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ဆောင်ရွက် လျက်ရှိသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် အာဆီယံဘက်စုံပြန်လည် ထူထောင်ရေး မူဘောင် အကောင်အထည်ဖော်မှုအခြေအနေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E. Pan Sorasak၊ ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီးနှင့် ဖွံ့ဖြိုးမှုကောင်စီအတွင်း ရေးမှူးချုပ် H.E. Sok Chenda Sophea၊ ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီးနှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Vongsey Vissoth  တို့က သဘာပတိများဖြစ် ဆောင်ရွက် ခဲ့ပြီး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီ ဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသ ကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့် မြင့်စီးပွားရေး အရာရှိများ၊ အာဆီယံ စီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်း ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကမ္ဘော ဒီးယားနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

 

(၅) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို စက်တင်ဘာ ၁၈ ရက်အထိ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)