(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

 

နေပြည်တော် စက်တင်ဘာ ၂၈

 

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို စက်တင်ဘာ (၂၅) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ခုတင်(၂၀၀) ပြည်သူ့ဆေးရုံ ၌ကျင်းပသည်။

နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်  (၂၀) စုပေါင်းသွေးလှူဒါန်းရာသို့ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်၊ ဦးစီးအရာရှိ (ပထမတန်း) ဒုရဲမှူးကြီး မျိုးလွင်၊ ပျဉ်းမနား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ကျော်ညွန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး စုပေါင်းသွေး လှူဒါန်းခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးကာ အာဟာရပြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်