(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

 

မုံရွာ၊ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ချင်းတွင်းခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့်ဇနီးများ၊ ဆုရရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရဲဗလ ဘွဲ့ရရှိသူတစ်ဦးနှင့် နယ်မြေလုံခြုံရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့၍ တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသူ နှစ်ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က လုံခြုံရေးဆောင်ရွက်ခဲ့ရာတွင် အထူးကိစ္စရပ် တစ်ရပ်အနေဖြင့် တစ်ဆင့်မြင့်ရာထူးတိုး မြှင့်ခြင်းခံရသူ နှစ်ဦးအား ရာထူးတပ်ဆင်ခြင်းနှင့် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တစ်ဦးတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရဲတပ်ဖွဲ့နေ့ Video Clip ကို ကြည့်ရှုအားပေးပြီး ဆုရရဲတပ်ဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

 

ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၌ ကောက်ကွက် ၂ ကွက်အား အဖွဲ့ ငါးဖွဲ့ခွဲကာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်နေပြည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 

mdn

 

စမ်းသပ်သန်းခေါင် စာရင်းကောက်ယူမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ မုံရွာမြို့နယ်ရှိ ရုံးကြီးရပ်ကွက်တွင် ကောက်ကွက် နှစ်ကွက်၊ သပြေတောကျေးရွာတွင် ကောက်ကွက် တစ်ကွက်၊ ကော်လပြကျေးရွာတွင် ကောက်ကွက် နှစ်ကွက်၊ ကျွဲရဲ(တ) ကျေးရွာတွင် ကောက်ကွက် နှစ်ကွက်၊ ကျွဲရဲ(မ)ကျေးရွာတွင် ကောက်ကွက် သုံးကွက် စုစုပေါင်း ကောက်ကွက် ၁၀ ကွက်ဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)