(၇) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၂) ခု၊ ငွေတံဆိပ် (၃) ခု၊ ကြေးတံဆိပ် (၉) ခုရရှိခဲ့သည့် အောင်ပွဲရ မြန်မာဗိုဗီနမ်အားကစားအဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆို

 

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တွင် နိုဝင်ဘာ (၂၅) ရက်မှ (၃၀) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် 7th World Vovinam Championships ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာဗိုဗီနမ် အားကစားအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် ည (၁၀) နာရီ မိနစ် ၅၀ တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ ကြသည်။

 

အဆိုပါ အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အမှူဆောင်များ၊ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများနှင့် မိဘဆွေမျိုးများက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

 

mdn

 

ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ မြန်မာဗိုဗီနမ် အားကစားအဖွဲ့မှ Pair Machete Form Male ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ် (၁) ခု၊ (၅၁) ကီလိုတန်း (အတိုက်) ပြိုင်ပွဲတွင် နှင်းသက်ဝေက ရွှေတံဆိပ် (၁) ခု၊ Four Element Staff Form ပြိုင်ပွဲတွင် တင်ထူးဇော်က ငွေတံဆိပ် (၁) ခု၊ 3 Male, 3 Female ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်နှင့် အိန္ဒြေဖူးတို့အတွဲက ငွေတံဆိပ် (၁) ခု၊ Ying Yang Sword Form Female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်က ငွေတံဆိပ် (၁) ခု၊ (၅၄) ကီလိုတန်း (အတိုက်) ပြိုင်ပွဲတွင် မင်းမင်းထိုက်က ကြေးတံဆိပ် (၁) ခု၊ Female Self Defense (အပြ) ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့် ချစ်နိုဒီဆောင်းတို့အတွဲက ကြေးတံဆိပ် (၁) ခု၊ Pair Sword Form Male ပြိုင်ပွဲတွင် တင်ထူးဇော်နှင့် ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ် (၁) ခု၊ Ying Yang Sword Form Male ပြိုင်ပွဲတွင် ဟိန်းထက်အောင်က ကြေးတံဆိပ် (၁) ခု၊ Male Ying Yang Sword Form Team 4 ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁) ခု၊ Male multiple training -01male athlete defends against 03 others with wespon ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁) ခု၊ Cross form female ပြိုင်ပွဲတွင် ချစ်နိုဒီဆောင်းက ကြေးတံဆိပ် (၁) ခု၊ One female athlete defense against 3 male athlete with weapon ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော် နှင့် ကျော်သူစိုးအောင်တို့ အတွဲက ကြေးတံဆိပ် (၁) ခု၊ Pair knife form male ပြိုင်ပွဲတွင် အောင်ခိုင်လင်း နှင့် ဟိန်းထက်အောင်တို့ အတွဲက ကြေးတံဆိပ် (၁) ခု ရရှိခဲ့ပြီး မြန်မာဗိုဗီနမ် အသင်းအနေဖြင့် ရွှေတံဆိပ် (၂) ခု၊ ငွေတံဆိပ် (၃) ခု၊ ကြေးတံဆိပ် (၉) ခု စုစုပေါင်း ဆုတံဆိပ် (၁၄) ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်