(၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပမည်

နေပြည်တော် ၃၁ မေ
    

ဇွန်လ(၉)ရက်နေ့တွင် ကျရောက်မည့်(၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၈ ရက်မှ ၉ ရက်ထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
     

အများပြည်သူများနှင့် ကျောင်းသားလူငယ်များ မျိုးချစ်စိတ်ဓါတ် ထက်သန်စေရန် ရည်ရွယ်၍ အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် စာတမ်းဖတ်ပွဲများနှင့် မော်ကွန်းပြခန်းများတွင် နိုင်ငံတော်၏အမွေအနှစ် အထောက်အထား မှတ်တမ်းများကို ခင်းကျင်းပြသသွား မည်ဖြစ်၍ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်