(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား ဘားအံမြို့တွင် ကျင်းပ

ဘားအံ  ၄   ဇန်နဝါရီ 


ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော် အလံကိုအလေးပြုခြင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ထံမှ ပေးပို့သည့်  လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားတို့ကို ဇန်နဝါရီလ ၄ ရက်နေ့  နံနက်ပိုင်းက ဘားအံမြို့သီရိကွင်း ကျောက်တိုင်ရှေ့၌ ကျင်းပသည်။

 

33333333333


ရှေးဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ် အချိန်တွင် အလံတင် အခမ်းအနားကို ကျင်းပရာ နိုင်ငံတော်အလံကို အလံတင်စစ်ခရာမှုတ်၍ တိုင်ထိပ်သို့ လွှင့်တင်ပြီး ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက အလံတင်အဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။

 

3333333333


ထို့နောက် နံနက် ၇ နာရီ အချိန်တွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြုပြီး ကျဆုံးလေပြီးသော  ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့အား ပြည်နယ် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အလေးပြုခြင်းများ ဆောင်ရွက်ကာ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

22222


ဆက်လက်၍ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများအဖြစ် ပြည်နယ်အားကစားနှင့် ကာယပညာ  ဦးစီးဌာနမှ သီရိကွင်း အတွင်း၌ ကျား/မ အလွတ်တန်းမြို့ပတ်တာဝေးအပြေးပြိုင်ပွဲ၊ အသက်(၅၀)အထက် အမျိုးသား သီရိကွင်းသုံးပတ် အပြေးပြိုင်ပွဲ၊ အသက်(၄၀)အထက် အမျိုးသမီး သီရိကွင်းနှစ်ပတ် အပြေးပြိုင်ပွဲ၊ မူကြိုကလေးအား ကစားပြိုင်ပွဲများ၊ ဘော်လီဘောပြိုင်ပွဲစသည့်  ကစားပြိုင်ပွဲများကို ကျင်းပရာ ဒေသခံပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


နေမျိုးလွင်(ပြန်/ဆက်)