(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ ကျင်းပ

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် မူကြိုကလေးများအား ခန္တီးလူထုအခြေပြုဗဟိုဌာန အားကစားကွင်း၌ မုန့်စားပြိုင်ပွဲ၊ ဦးထုပ်လုအပြေးပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်အပြေးပြိုင်ပွဲနှင့် ထိုင်ခုံလုအပြေးပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီက ကျင်းပပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အားကစားပြိုင်ပွဲများကို မူကြိုကျောင်းသား/ကျောင်းသူ (၄၀) ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မိဘများက စိတ်ဝင်တစား လာရောက်အားပေးခဲ့ကြသည်။ ဆက်လက်၍ အားကစားပြိုင်ပွဲများတွင် ဆုရရှိသော မူကြိုကလေးများကို လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ဆုပေးပွဲကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ချီးမြှင့်သည့်ဆုများကို လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဌေး၊ ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ခင်အိအိသန်းနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

စနေမောင်