(၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး ခရိုင်/ကျောင်းပေါင်းစုံအသက် (၁၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်

မန္တလေး ၂၁ ဒီဇင်ဘာ 

 

(၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ကျောင်းပေါင်းစုံ အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီနှင့် Youth Development Pilot Project-YDPP Committee Mandalay ပံ့ပိုးကူညီမှုဖြင့် ဒီဇင်ဘာ၂၆ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစားကွင်းတွင် ကျင်းပမည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများမှ အသက်(၁၀) နှစ်အောက်နှင့် အသက် (၁၂) နှစ်အောက် ကျောင်းသားလူငယ်များအား Youth development pilot Project (YDPP) အစီအစဉ်ဖြင့် နွေရာသီ ကျောင်းပိတ်ရက်နှင့် သီတင်းကျွတ်ကျောင်းပိတ်ရက်များတွင် ဘောလုံးကစားနည်း အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့ပြီး ဒီဇင်ဘာအားကစား လှုပ်ရှားမှုအဖြစ် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၁၂)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကျင်းပခြင်းဖြစ်ပြီး YDPP ကော်မတီက အားကစားဝတ်စုံစရိတ်၊ စားသောက်စရိတ်နှင့် ခရီးစရိတ်များကူညီ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)