(၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်၊ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းကိုင်  ၁၇  ဒီဇင်ဘာ      

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ကျောင်းသားကျောင်းသူများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ မှတ်ဉာဏ်စွမ်းရည် ပြိုင်ပွဲကို  ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စာချစ်သူအသင်းဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်း လှိုင်လှိုင်ဦးက ပြိုင်ပွဲကျင်းပခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မူလတန်း ကျောင်းသားကျောင်းသူများ၏ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်း၊ မှတ်ဉာဏ်စွမ်းရည်နှင့် ကလေးများ၏ ဖြတ်ထိုးဉာဏ်စွမ်းရည်ကို ယှဉ်ပြိုင်သည့်အနေဖြင့် အင်္ဂလိပ်၊ မြန်မာ အက္ခရာ စာလုံးများ ဆက်ခြင်း၊ ဂိမ်းကစားနည်းများဖြင့် ယှဉ်ပြိုင်စေခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက်  ဆုရကျောင်းသားကျောင်းသူများနှင့် ပြိုင်ပွဲဝင် ကလေးများအားလုံးကို ဆုနှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)