(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မွန်ပြည် နယ် (၁၀)မြို့နယ် လှေလှော်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

မုဒုံ  ဖေဖော်ဝါရီ  ၉ 

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက်၊စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် (၁၀)မြို့နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၈ နာရီ ခွဲက  မုဒုံမြို့နယ်၊ ကန်ကြီးမင်္ဂလာကန်တော်၌  ကျင်းပသည်။

အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိများတက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။  ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လှေလှော်ပြိုင်အား  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ   ပြိုင်ပွဲဝင်လှေလှော်အသင်း များ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။ 

အဆိုပါပြိုင်ပွဲကို  မွန်ပြည်နယ်အတွင်း မြို့နယ် (၁၀) မြို့နယ်မှ လှေလှော် အသင်းများမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး  လူ့စွမ်းအားအရင်းအမြစ်  ဖွံဖြိုးတိုးတက်စေရန် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံတော်အတွက် ကျန်း မာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက်လာ စေရန်၊ပြည်နယ်အစိုးရအဖွဲ့မှလည်းပြည်နယ်ဂုဏ်ဆောင်  အားကစားသမားကောင်းများ မွေးထုတ်ပေးခြင်းနှင့် ပြည်နယ်တွင်း၌လည်း အားကစားကွင်းနှင့် အားကစားဥ ယျာဉ်များ တည်ဆောက်ပေးကာ လူငယ်နှင့်အားကစားကဏ္ဍကို အထူးအလေးထား ပေးပံ့ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းပြိုင်ပွဲအား ဖေဖော်ဝါရီလ  ၉  ရက်နေ့မှ  ၁၀  ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)