(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား) ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ  ၂၆ 

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက် (အမျိုးသား)ပြိုင်ပွဲ (တတိယနေ့) ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော် ဂေါက်ကွင်း၌ ဆက်လက်ကျင်းပသည်။ 

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းက တစ်ဦးချင်း (အကျော ပေး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ချစ်ရင်ထူး (ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသည့် ကျော်နိုင်ဦး(ရှမ်းပြည်နယ်)နှင့် တတိယဆုရရှိသည့် အောင်မျိုးထွန်း(တနင်္သာရီတိုင်းဒေသကြီး) တို့ကို လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက တစ်ဦးချင်း (အကျောမဲ့)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကောင်းထိုက်ဇော် (မန္တလေးတိုင်းဒေသ ကြီး)၊ ဒုတိယဆုရရှိသည့် ဆိုင်းဒူ(ကချင်ပြည်နယ်)နှင့် တတိယဆုရရှိသည့် နေသူရိန်မင်း (မကွေးတိုင်းဒေသကြီး)တို့ကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီးရိုက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက အသင်းလိုက် (အကျောပေး)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ ပဲခူးတိုင်း ဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ကို လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အသင်းလိုက် (အကျောမဲ့)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ကို လည်းကောင်း တစ်ဦးချင်းဆုဆွဲပြား၊ ဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က တံခွန်စိုက် ဆုဖလားရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းကို တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက် (အမျိုးသား)ပြိုင်ပွဲကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ကျင်းပခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း(၁၅)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ ကြကာ ဂေါက်သီးရိုက်အားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့် ဂေါက်သီးရိုက် အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးရိုက် အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်