(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနားကျင်းပ

နေပြည်တော်  ဇန်နဝါရီ ၅ 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သည့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် စိန်ရတုလွတ်လပ်ရေး နေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်  တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ခြင်း၏ (၇၅)နှစ်မြောက် စိန်ရတုအထိတိုင် ရှိလာခဲ့သည့် အချိန်အခါ သမယကို ထူးခြားလေးနက်စွာ ဂုဏ်ပြုခြင်းဖြစ်၍ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့် အမြဲထာဝစဉ် ဂုဏ်ယူနေရမည့် အခမ်းအနားကြီးဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုလိုကြီးကျယ်ခမ်းနားသည့် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကြီးတွင် ကိုယ်တိုင် ကိုယ်ကျပါဝင်ဆင်နွဲခဲ့ရ သည်ကို မိမိတို့ဘဝတစ်သက်တာတွင် အမှတ်ရစရာတစ်ခုဖြစ် ကျန်ရစ်နေမည် ဖြစ်ပါကြောင်း၊ စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်မှ ကော်မတီအရပ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်များ အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအဆင့်ဆင့်ကို အဆိုပါ ကော်မတီအရပ်ရပ်တွင် စနစ်တကျ ထည့်သွင်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ထိုသို့ထည့်သွင်း တာဝန်ပေးအပ်ရာတွင် မိမိတို့ ကျရာကဏ္ဍအလိုက် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြသည့် ကျန်းမာရေးဝန်ထမ်းများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါ ကြောင်း။

သို့ဖြစ်၍ ယခုကဲ့သို့ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းများကို ယနေ့တွင် ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်းဟူသည့်  မင်္ဂလာ တစ်ပါးနှင့်အညီ အခမ်းအနားဖြင့် မှတ်တမ်းတင်ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်လက်၍လည်း ကျန်းမာရေး ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ကောင်းမွန်သည့် အစဉ်အလာနှင့် ဂုဏ်သိက္ခာကို မြင့်မားသည်ထက်ပိုမိုမြင့်မားလာစေရေးအတွက် ပေးအပ်သည့်တာဝန် ဝတ္တရားများကို ယခုကဲ့သို့ စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကောင်းမွန် သောဆောင်ရွက်မှုများကို ဖော်ထုတ်၍ ချီးမြှင့်မှတ်တမ်းတင်ခြင်းကို ကျန်းမာရေး ဝန်ကြီးဌာနတွင် အစဉ်အလာတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။ 

ဆက်လက်၍ အစီအစဉ်အရ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဧည့်သည်တော် များကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)