(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့နယ် ကန်ပေါင်းကံကျေးရွာတွင်း လမ်းဖွင့်ပွဲကျင်းပ

ပြည်   ဇန်နဝါရီ   ၂၈

 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မုဋ္ဌောကျေးရွာအုပ်စု၊ ကန်ပေါင်းကံကျေးရွာ၌ ဇန်နဝါရီ ၂၇ ရက်က ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း ဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။

 

အရှည် ပေ ၂၁၀၀၊ အကျယ် ၁၄ ပေနှင့် ၉ လက်မထုရှိ မြေနီကျောက်စရစ်ခင်းလမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်၏ နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူများ၏ လုပ်အားဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် မုဋ္ဌောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းတို့က ယင်းကျေးရွာလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျေးရွာပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကိုဆက်(ပြန်/ဆက်)