(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၉

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်    စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခင်နှစ်များ နည်းတူ ဆပ်ကော်မတီများဖွဲ့စည်း ထားရှိပြီးဖြစ်ပါကြောင်း၊ ယခင်နှစ်ကကျင်းပခဲ့သည့် အခမ်းအနားတွင်ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံး သပ်၍ မိမိတို့ဆပ်ကော်မတီအလိုက် အကောင်းဆုံးဆောင်ရွက်သွားကြရန်၊ ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများကို ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီဆောင်ရွက်ကြရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အထူးဂရု ပြု စီစဉ်ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များရှိပါက စီမံခန့်ခွဲမှုကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန်တို့ကို မှာကြားသည်။

ယင်းနောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ယခင်ပြုလုပ်ပြီး စီးသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီ အမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက မိမိတို့ဆပ်ကော်မတီများအလိုက် ယခင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မိမိတို့ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျဆောင်ရွက်သွားကြရန်၊ ဆပ်ကော်မတီများ အချင်းချင်း စနစ်တကျ ပေါင်းစပ်ညှိနှိုင်းကာ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)