(၇၆)နှစ်မြောက် ‌ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဆတ်သေ(၈) ကျေးရွာ၌ ကျေးလက်ရေပေးရေးဖွင့်ပွဲ ကျင်းပ

ရပ်စောက် ဖေဖော်ဝါရီ ၉ 

 

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယမ်းတွင်း ငါးကြောင်ကျေးရွာအုပ်စု၊ ဆတ်သေ(၈)ကျေးရွာ၌ ကျေးလက်ရေပေးရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။

 

ရှေးဦးစွာ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးအေးမင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာရှိ ရပ်မိရပ်ဖများက ကျေးလက်ရေပေးရေး ဆိုင်းပုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။

 

အဆိုပါကျေးလက်ရေပေးရေးသည် အရှည်ပေ ၃၅၀ ရှိ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေသိန်း ၁၀၀၊ ကျေးရွာနေ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၈၀ စုစုပေါင်းငွေကျပ်သိန်း ၁၈၀ ဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မောင်ခိုင်