အာဘေးနှင့် ထရန့် ကုန်သွယ်ရေး သဘောတူညီချက် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးမည်

၂၆ သြဂုတ်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် တို့သည် စက်တင်ဘာလတွင် ကျင်းပမည့် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲ၌ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့ကြသည်။

 

a4

 

ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ဂျီ- ၇ ထိပ်သီးဆွေးနွေးပွဲ ၏ ပြင်ပတွေ့ဆုံစဉ် အဆိုပါ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။

 

a3

 

စက်တင်ဘာလ နှောင်းပိုင်းတွင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း ထပ်မံတွေ့ဆုံရန် ၎င်းတို့နှစ်ဦး သဘောတူညီခဲ့ကြသည်။

အပြီးသတ် သဘောတူညီချက်အတွက် ဆွေးနွေးပွဲများ အရှိန်မြှင့်လုပ်ဆောင်ရန်လိုလားကာ  ဆက်လုပ်ရမည့်လုပ်ငန်းများ အဆင့်တိုင်းတွင် ရှိနေသေးကြောင်း  အာဘေးက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများကြောင့် နှစ်နိုင်ငံ အပြန်အလှန် တိုးတက်မှုများရှိပြီး ထိုသဘောတူညီမှုကြောင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်သည်ဟု ဆိုကာ အာဘေးက ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို