အာဆီယံ ပရိဘောဂဒီဇိုင်းပြိုင်ပွဲ စိတ်ပါဝင်စားသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်

နေပြည်တော် ၂၃  ဧပြီ 

အာဆီယံဒေသတွင်းရှိ မူပိုင်ခွင့်ရုံးများနှင့် ဥရောပသမဂ္ဂမူပိုင်ခွင့်ရုံး(EUIPO) တို့ပူးပေါင်းကျင်းပမည့် “ASEAN Fumiture Design Contest” ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲကို ပရိဘောဂဒီဇိုင်းဖန်တီးသူများ၊ စက်မှုလက်မှုလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ လက်မှုပညာရှင်များ၊ ပန်းချီ၊ ပန်းပုအနုပညာရှင်များ၊ ပရိဘောဂဒီဇိုင်းဖန်တီးမှုကို စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသား မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

ပြည်တွင်းအဆင့် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင် ပရိဘောဂဒီဇိုင်းလက်ရာငါးခုအား အာဆီယံအဆင့် ရွေးချယ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ အာဆီယံအဆင့်ရွေးချယ်ပွဲတွင် တစ်နိုင်ငံချင်းစီမှပေးပို့လာသော ပြိုင်ပွဲဝင်လက်ရာ ငါးခုအနက် တစ်နိုင်ငံလျှင် တစ်ဆုရွေးချယ်မည်ဖြစ်သည်။ 

ဆုရွေးချယ်ခံရသူများသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် “STYLE Bangkok Fair 2018” တွင် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ရမည့်အပြင် အာဆီယံဒေသတွင်းရှိ ကျော်ကြားသော အာဆီယံ ပရိဘောဂဒီဇိုင်းပြိုင်ပွဲ စိတ်ပါဝင်စားသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင် ပရိဘောဂဒီဇိုင်းကုမ္ပဏီသို့ သွားရောက်လေ့လာခွင့် အခွင့်အရေးရရှိမည် ဖြစ်သည်။

ပြိုင်ပွဲဝင်ခေါင်းစဉ်မှာ “ASEAN Furniture Design Contest 2018”ဖြစ်ပြီး ပြိုင်ပွဲအမျိုးအမည်မှာ Furniture Design ဖြစ်သည်။ ပြိုင်ပွဲဝင်မည့်ဒီဇိုင်းလက်ရာ (hard copy နှင့် soft copy) ကို ၂၀-၅-၂၀၁၈ ရက်မှ ၂၄-၅-၂၀၁၈ ရက်အထိ မူပိုင်ခွင့်ဌာန၊ ရုံးအမှတ် (၂၁)၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော် Email address furnituredesigncontest 2018 @ gmail.com သို့ပေးပို့ရမည်ဖြစ်သည်။ ရွေးချယ်ခံရသူစာရင်းကို ၂၉-၅-၂၀၁၈ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များအား” www.facebook.com/ip. myanmar  တွင် လည်းကောင်း၊ ဖုန်းနံပါတ်-ဝ၆၇-၄၀၄၄၁၉ သို့ လည်းကောင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 (သတင်းစဉ်)