အာဆီယံ ယူ-၁၈ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ယှဉ်ပြိုင်မည်

နေပြည်တော်  ၆   သြဂုတ်

အာဆီယံ ယူ-၁၈ ပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ Binh Duong ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အဆိုပါ ပွဲစဉ်အား ပြည်တွင်းရုပ်သံလိုင်းဖြစ်သည့် CANAL+ Sport Channel မှ တိုက်ရိုက်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၈ အသင်းသည် အုပ်စု(က)တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် အုပ်စုပွဲစဉ်များအဖြစ် သြဂုတ် ၈ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ၁၀ ရက်တွင် တီမောအသင်း၊ ၁၂ ရက်တွင် ဘရူနိုင်းအသင်း၊ ၁၄ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

၂၀၁၉ ခုနှစ် အာဆီယံ ယူ-၁၈ ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ သြဂုတ်  ၆ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
MDN
Photo;MFF